အစိုးရလုပ်ငန်းအစီရင်ခံစာ၊ ခေတ်မီ စက်မှုလုပ်ငန်း စည်းစနစ်တည်ဆောက်မှုအား တွန်းအားပေးပြီး အရည်အသွေးသစ် ကုန်ထုတ်စွမ်းအားကို တိုးမြှင့်မည်

(GMT+08:00)2024-03-05 14:53:34  

  ၁၄ ကြိမ်မြောက် တရုတ် ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ဒုတိယ အကြိမ် အစည်းအဝေးကို ၅ ရက်နေ့ နံနက်ပိုင်းတွင် ပြည်သူ့ခန်းမဆောင်ကြီး၌ စတင်ကျင်းပခဲ့ရာ သမ္မတရှီကျင့်ဖိန် အပါအဝင် ပါတီနှင့်နိုင်ငံတော် ခေါင်းဆောင်များ တက်ရောက်ပြီး နိုင်ငံတော် ကောင်စီ ဝန်ကြီးချုပ် လီချန်သည် အစိုးရ လုပ်ငန်း အစီရင်ခံစာကို တင်ပြပါသည်။

အစိုးရလုပ်ငန်းအစီရင်ခံစာတွင် ခေတ်မီ စက်မှုလုပ်ငန်း စည်းစနစ်တည်ဆောက်မှုအား တွန်းအားပေးပြီး အရည်အသွေးသစ် ကုန်ထုတ်စွမ်းအားကို တိုးမြှင့်မည် ဖြစ်ကြောင်း၊ ဆန်းသစ်တီထွင်ရေး၏ ဦးဆောင်မှု စွမ်းအားကို အပြည့်အဝ ဖော်ဆောင်ပြီး သိပ္ပံနည်းပညာဆန်းသစ်တီထွင်မှုဖြင့် ကုန်ထုတ်လုပ်မှု ဆန်းသစ် တီထွင်ရေးကိုမြှင့်တင်မည် ဖြစ်ကာ အမျိုးအစားသစ် စက်မှုလုပ်ငန်း ဖွံ့ဖြိုးတက်ခြင်းကို လျင်မြန်စွာ တွန်းအားပေးမည် ဖြစ်ကြောင်း၊ ဖွံ့ဖြိုးတိုးတက်မှု အတွက်  တွန်အားသစ်နှင့် အားသာချက်သစ်ကို အဆက်မပြတ်ဖန်တီးကာ လူမှုကုန်ထုတ် စွမ်းအားများကို တိုးတက်မှုသစ်များ ဖော်ဆောင်နိုင်ရန် တွန်းအားပေးမည် ဖြစ်ကြောင်း ဖော်ပြထားသည်။