၁၄ကြိမ်မြောက် NPC ဒုတိယအကြိမ် အစည်းအဝေး၏ စီးပွားရေးဆိုင်ရာ သတင်းစာရှင်းလင်းပွဲ ကို မတ်လ ၆ရက်နေ့တွင် ကျင်းပမည်

(GMT+08:00)2024-03-05 16:36:01  

၁၄ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် (NPC) ဒုတိယအကြိမ် အစည်းအဝေး၏ စီးပွားရေးဆိုင်ရာ သတင်းစာရှင်းလင်းပွဲကို မတ်လ ၆ရက်နေ့ ညနေ ၃ နာရီတွင် ကျင်းပမည် ဖြစ်ပါသည်။ သတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင် ဥက္ကဋ္ဌ Zheng Shanjie ၊ တရုတ်ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီး Lan Fo'an ၊ တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး Wang Wentao ၊ တရုတ်ပြည်သူ့ဘဏ် ဥက္ကဋ္ဌ Pan Gongsheng ၊ တရုတ်အစုရှယ်ယာ ကြီးကြပ်ရေးနှင့်စီမံခန့်ခွဲရေးကော်မရှင် ဥက္ကဋ္ဌ Wu Qing တို့သည် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေး၊ ဘတ်ချက်၊ ကုန်သွယ်ရေး၊ ငွေရေးကြေးရေးနှင့် အစုရှယ်ယာနှင့်ပတ်သက်သော ပြည်တွင်းပြည်ပသတင်းထောက်များ၏ မေးမြန်းချက်များ ကို ဖြေကြားကြမည် ဖြစ်ပါသည်။