၂၀၃၅ ခုနှစ်တွင် အမျိုးသား ရေကွန်ရက်ကို အပြီးတည်ဆောက်မည်ဟု Li guoying ဆို

(GMT+08:00)2024-03-05 15:10:17  

ယခုလ ၅ ရက်နေ့ နံနက်ပိုင်းက ၁၄ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ ကွန်ဂရက် ဒုတိယ အကြိမ်အစည်းအဝေး၏ ပထမ အကြိမ်“ Ministers' passage”ကို ပြည်သူ့ ခန်းမဆောင်ကြီးတွင် ကျင်းပပြီးနောက် ဆည်မြောင်းတာတမံလုပ်ငန်း ဝန်ကြီး Li guoying သည် သတင်းထောက်များနှင့် တွေ့ဆုံခဲ့ပါသည်။

Li guoying က "အမျိုးသားရေကွန်ရက်တည်ဆောက်ရေးစီမံကိန်းအကျဉ်းချုပ်" သည် ၂၀၃၅ ခုနှစ်ကို ရည်မှန်းနှစ်အဖြစ် သတ်မှတ်ထားပြီး၊ ၂၀၃၅ ခုနှစ်ရောက်လျှင် အမျိုးသားရေကွန်ရက်ကို အပြီးတည်ဆောက်မည်ဖြစ်ပြီး၊ ဆိုရှယ်လစ်ခေတ်မီရေး အခြေခံ အားဖြင့် အကောင်အထည်ဖော်ဆောင်မှုနှင့် ကိုက်ညီသော အမျိုးသား ရေဖူလုံမှုနှင့် လုံခြုံမှု အာမခံစည်းစနစ် ဖြစ်တည်လာစေမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။