အရည်အချင်းပြည့်မီသော လုပ်ငန်းဌာနများအနေနှင့် ၎င်းတို့မှ အခြေခံ သိပ္ပံသုတေသန အသုံးစရိတ်၏ ထက်ဝက်ကျော်ကို အသက် ၃၅ နှစ်အရွယ်အောက်ရှိ လူငယ်များအား ရင်းနှီးမြှုပ်နှံရန် အားပေးကြောင်း Yin he jun ဆို

(GMT+08:00)2024-03-05 15:11:07  

ယခုလ ၅ ရက်နေ့ နံနက်ပိုင်းက ၁၄ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ ကွန်ဂရက် ဒုတိယ အကြိမ်အစည်းအဝေး၏ ပထမ အကြိမ်“ Ministers' passage”ကို ပြည်သူ့ ခန်းမဆောင်ကြီးတွင် ကျင်းပပြီးနောက် သိပ္ပံနှင့်နည်းပညာဝန်ကြီး Yin Hejun သည် သတင်းထောက်များနှင့် တွေ့ဆုံခဲ့ပါသည်။

Yin Hejun က လူငယ် သိပ္ပံနှင့် နည်းပညာလူရည်ချွန်များအာ လေ့ကျင့် ပျိုးထောင် ပေးရာ၌ အချိန်စောသင့်ရုံသာမက ပို၍ ချောင်လည်သင့်ကြောင်း၊ ကျွန်တော်တို့သည် သက်ဆိုင်ရာ မူဝါဒများကို ချမှတ်ပြီး အရည်အချင်းပြည့်မီသော လုပ်ငန်းဌာနများအနေနှင့် ၎င်းတို့မှ အခြေခံ သိပ္ပံသုတေသန အသုံးစရိတ်၏ ထက်ဝက်ကျော်ကို အသက် ၃၅ နှစ် အရွယ်အောက်ရှိ  လူငယ်များအား ရင်းနှီးမြှုပ်နှံရန် အားပေးမည်ဖြစ်ကြောင်း ပြောကြား ခဲ့ပါသည်။