အစိုးရလုပ်ငန်းအစီရင်ခံစာ-၂၀၂၃ ခုနှစ် စီးပွားရေး၊ လူမှုရေး ဖွံ့ဖြိုး တိုးတက်မှု အဓိကရည်မှန်းချက် တာဝန်များ အောင်မြင်စွာ ပြီးမြောက်

(GMT+08:00)2024-03-05 14:47:10  

၁၄ ကြိမ်မြောက် တရုတ် ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ဒုတိယ အကြိမ် အစည်းအဝေးကို ၅ ရက်နေ့ နံနက်ပိုင်းတွင် ပြည်သူ့ခန်းမဆောင်ကြီး၌ စတင်ကျင်းပခဲ့ရာ သမ္မတရှီကျင့်ဖိန် အပါအဝင် ပါတီနှင့်နိုင်ငံတော် ခေါင်းဆောင်များ တက်ရောက်ပြီး နိုင်ငံတော် ကောင်စီ ဝန်ကြီးချုပ် လီချန်သည် အစိုးရ လုပ်ငန်း အစီရင်ခံစာကို တင်ပြပါသည်။

အစီရင်ခံစာတွင် ပြီးခဲ့သောနှစ်သည် တရုတ်ကွန်မြူနစ်ပါတီ အကြိမ်၂၀ မြောက် ပြည်လုံးဆိုင်ရာကိုယ်စားလှယ်များညီလာခံ၏ ရည်မှန်းချက် အကြောင်းအရာများကို ဘက်စုံဖော်ဆောင်ခဲ့သည့် ပထမနှစ်ဖြစ်ပြီး ယခုအကြိမ်အစိုးရက ဥပဒေနှင့်အညီ လုပ်ငန်းတာဝန်များကို ထမ်းဆောင်ခဲ့သည့်  ပထမနှစ်လည်းဖြစ်သည်။ တစ်နှစ်တာလုံး စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှု၏ အဓိက ရည်မှန်းချက်တာဝန်များကို အောင်မြင်စွာပြီးမြောက်ပြီး အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေးကို ထိရောက်စွာ တွန်းအားပေး၍ လူမှုရေးအခြေအနေ တစ်ခုလုံး တည်ငြိမ်ကာ ခေတ်မီဆိုရှယ်လစ်နိုင်ငံ ဘက်စုံ တည်ဆောက်ရေးတွင် ခိုင်မာသော ခြေလှမ်းများဖြင့် တက်လှမ်းလာခဲ့သည်ဟု ဖော်ပြပါသည်။