Gina Raimondo၏ ရယ်စရာကောင်းသည့် ပြောဆိုချက်များသည် နိုင်ငံတကာ စီးပွားကုန်သွယ်ရေးကို သူမသိနားမလည်ခြင်းကြောင့်လား (သို့) မုန်လာဥ လုပ်နေတာလား

(GMT+08:00)2024-03-05 15:22:00  

“ယနေ့ခေတ်တွင် မော်တော်ယာဉ်များသည် 'iPhones on wheels' နှင့်တူပါသည်။ အမေရိကန် နိုင်ငံ၏ ကားလမ်းများပေါ်တွင် တရုတ် မော်တော်ယာဉ် သန်းပေါင်းများစွာ မောင်းနှင်ရင်း အမေရိကန်သန်းပေါင်းများစွာ၏ အချက်အလက်များကို နေ့တိုင်း မိနစ်တိုင်း "စုဆောင်း"ပြီး ဘေကျင်းသို့ ပြန်ပို့လိုက်မည်ဆိုသည်ကို တွေးကြည့်ပါ”ဟူသော  ရယ်စရာကောင်းသည့် ပြောဆိုချက်သည် အမေရိကန် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး တစ်ယောက်ရဲ့ နှုတ်ကနေ ထွက်တယ်ဆိုတာ ယုံဖို့ ခက်ပါသည်။

အမေရိကန် နိုင်ငံသည် ဘီးပေါ်တင် နိုင်ငံတစ် နိုင်ငံဖြစ်ပြီး မော်တော်ယာဉ် လုပ်ငန်းသည် ၂၀ရာစုနှစ်၌  ကမ္ဘာတွင် ရှေ့ပြေးခဲ့ဖူးသော်လည်း  ၂၁ရာစုတွင်မူ တဖြည်းဖြည်း အားနည်းကျဆင်းလာပါသည်။ မကြာသေးမီနှစ်များအတွင်း တရုတ်နိုင်ငံ၏ စွမ်းအင်သစ်သုံးယာဉ်များသည် ဆန်းသစ်တီထွင်မှုနှင့် သုတေသနဖော်ထုတ်မှုများကို ဆက်တိုက်မြှင့်တင်ကာ ပြည့်စုံသော စက်မှုလုပ်ငန်းကွင်းဆက်စနစ်တစ်ခုကို ဖန်တီးခဲ့ ပါသည်။  ၂၀၂၃ခုနှစ်တွင် တရုတ်နိုင်ငံ၏ စွမ်းအင်သစ်သုံးယာဉ် နိုင်ငံခြားသို့ တင်ပို့ရောင်းချ မှု ပမာဏမှာ အစီးရေ  သန်း၁၂၀ကျော် အထိ ရောက်ရှိပြီး ၂၀၂၂ခုနှစ်ကထက်  ရာခိုင်နှုန်း ၈၀ နီးပါး တိုးလာခဲ့ပါသည်။ မော်တော်ယာဉ် စက်မှုလုပ်ငန်း၏ "မှတ်တိုင်" တစ်ခုအနေဖြင့် လွန်ခဲ့သည့်နှစ် စတုတ္ထ ၃လပတ်တွင် တရုတ်ကားကုမ္ပဏီ BYD၏  ဘက်ထရီသုံးယာဉ် ရောင်းအားသည် Teslaကို ကျော်လွန်ကာ ကမ္ဘာပေါ်တွင် ပထမဆုံးအကြိမ်အဖြစ် ထိပ်ဆုံးနေရာကို ရယူခဲ့ပါသည်။ ယင်းသည် အမေရိကန် နိုင်ငံက လူအချို့ကို ဆူးပေါ် ထိုင်မိသလို နေမထိ ထိုင်မသာ ဖြစ်စေပါသည်။ သို့‌သော် ၄င်းတို့သည် နည်းပညာ တိုးတက်ရန်နှင့် ယှဉ်ပြိုင်နိုင်စွမ်း  မြှင့်တင်ရန် ကြိုးစားရမည့် အစား ကုန်သွယ်ရေး အရေးယူ ပိတ်ဆို့မှု ကျင့်သုံးခြင်းကို ရွေးချယ်ပါသည်။

Gina Raimondoမှ အဆိုပါ မဟုတ်မမှန် ပြောဆိုချက်၏ အဓိက ရည်ရွယ်ချက်တစ်ခုမှာ အမေရိကန်၏ ကိုယ်ကျိုးစီးပွား ကာကွယ်ရေး မူဝါဒများ ကျင့်သုံးခြင်း အတွက် ပြည်သူ့ သဘောထားကို ဖန်တီးရန်နှင့် အများပြည်သူ၏ ထင်မြင်ယူဆချက်ကို ကြိုးကိုင်ရန် ဖြစ်သည်။

သူတစ်ပါးကို နှိမ့်ချခြင်းသည် သင့်အား ပိုသန်မာစေမည်မဟုတ်ပေ။ Gina

Raimondoသည် ရယ်စရာ ကောင်းသည့် စကားများကို ပြောမည့်အစား အမေရိကန် မော်တော်ယာဉ် လုပ်ငန်း၏ ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ရန် လက်တွေ့ကျသည့် အစီအမံတွေကို လုပ်သင့်သည်။