မတ်လ ၅ရက်နေ့ နံနက်၉ နာရီတွင် ၁၄ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာပြည်သူ့ ကွန်ဂရက် ဒုတိယအကြိမ်အစည်းအဝေးကို ပြည်သူ့ခန်းမဆောင်ကြီးမှာကျင်းပခဲ့ပါသည်။ တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီအထွေထွေအတွင်းရေးမှူး၊ တရုတ်နိုင်ငံသမ္မတ၊ ဗဟိုစစ်ရေးကော်မရှင်ဥက္ကဋ္ဌ ရှီကျင့်ဖိန်အပါအဝင် ပါတီနှင့် နိုင်ငံတော်ခေါင်းဆောင်များ အစည်းအဝေးဖွင့်ပွဲကို တက်ရောက်ခဲ့ကြပါသည်။









