ပြင်းထန်သော ရေခဲနှင့် ဆီးနှင်းအန္တရာယ်များ ကြုံတွေ့နေရသောမွန်ဂိုးလီးယားနိုင်ငံအား တရုတ်ပြည်မှ အရေးပေါ်အကူအညီများ ထောက်ပံ့ပေးပို့

(GMT+08:00)2024-03-05 15:07:21  

ရေခဲနှင့် ဆီးနှင်းအန္တရာယ်ကာကွယ်ရန်အတွက် တရုတ်အစိုးရမှ မွန်ဂိုလီးယားအစိုးရထံ အရေးပေါ်အကူအညီများ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို မတ်လ ၄ ရက်နေ့က မွန်ဂိုလီးယားနိုင်ငံ မြို့တော် Ulaanbaatar ရှိ အမျိုးသားနန်းတော်တွင် ကျင်းပခဲ့ပါသည်။ မွန်ဂိုလီးယားနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ရှင်မင်ကျွမ်း က မွန်ဂိုလီးယားဝန်ကြီးချုပ် Oyun Erden အား ထောက်ပံ့ရေးရန်ပုံငွေနှင့် ပစ္စည်းများ ပေးအပ်ခဲ့ပါသည်။

Oyun Erden က တရုတ်နိုင်ငံအပေါ် စိတ်ရင်းမှန်ဖြင့် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါသည်။ ၎င်းက မွန်ဂိုလီးယားသည် ရေခဲနှင့် ဆီးနှင်းဘေးအန္တရာယ်များ ကြုံတွေ့ခဲ့ရပြီး ကျွဲနွားထိန်းကျောင်းသူများ၏ နေထိုင်မှု ဘဝလည်း ကြီးမားသော အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရသည့် အထူးကာလအတွင်းတွင် ဖော်ရွေသော အိမ်နီးချင်းအနေဖြင့် တရုတ်နိုင်ငံသည် ၎င်း၏အိမ်နီးချင်းဖြစ်မှုကို ပြသကာ  အကူအညီပေးခဲ့ကြောင်း၊ ယခုနှစ်သည် မွန်ဂိုလီးယားနှင့် တရုတ်နိုင်ငံကြား သံတမန်ဆက်ဆံမှုထားရှိခဲ့သည့် ၇၅နှစ် ပြည့်မြောက်သည့်နှစ် ဖြစ်ပြီး နှစ်နိုင်ငံကြား ဆက်ဆံရေး အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာကာ နှစ်နိုင်ငံပြည်သူများလည်း ပျော်ရွှင်ပြီး ချမ်းသာသုခများရရှိနိုင်မည်ဟု မျှော်လင့်ပါကြောင်း ပြောကြားခဲ့ပါသည်။