ဆူဒန်၌ ကာလဝမ်းရောဂါကြောင့် လူပေါင်း ၂၉၉ ဦးသေဆုံး

(GMT+08:00)2024-03-04 15:18:21  

ဒေသစံတော်ချိန် မတ်လ ၃ရက်နေ့က ကမ္ဘာ့ကျန်းမာရေးအဖွဲ့သည် ဆူဒန်၌ ကာလဝမ်း ရောဂါအခြေအနေနှင့်ပတ်သက်၍ အစီရင်ခံစာထုတ်ပြန်ခဲ့ရာ ၂၀၂၃ခုနှစ် စက်တင်ဘာလ မှစ၍ ဆူဒန်၌ ကာလဝမ်းရောဂါဖြစ်ပွားမှု ကြီးမားစွာ ဖြစ်ပွားလာခဲ့ကြောင်း၊ ယင်းနိုင်ငံ၌ ကာလဝမ်းရောဂါကူးစက်ခံရသူဦးရေ ၁၀၈၀၀ကျော်ရှိပြီး သေဆုံးသူဦးရေ ၂၉၉ဦးရှိသည်ဟု အစီရင်ခံခဲ့ကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။

ယင်းအစီရင်ခံစာတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့သည် ဆူဒန်ကျန်းမာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နေပြီး ဆူဒန်၌ ကာလဝမ်းရောဂါ ကြိုတင် ကာကွယ်ဆေးထိုးရေးလှုပ်ရှားမှုများကို အတိုင်းအတာကြီးမားစွာ ဆောင်ရွက်နေကာ ဆေးဝန်ထမ်းများအား တစ်ကိုယ်ရည် အကာအကွယ်ပစ္စည်းနှင့် နည်းပညာလမ်းညွှန်မှုများ လည်း ပံ့ပိုး ကူညီပေးနေကြောင်း၊ လက်ရှိအချိန်တွင် ဆူဒန်ရှိပြည်နယ်၄ခု၌ ဆေးဝန်ထမ်း ၂၈၀အား လေ့ကျင့်ပေးရန်စီစဉ်နေကြောင်း သိရှိရပါသည်။