အမေရိကန်သည် ကတိပြုချက် အတိုင်း လိုက်နာဆောင်ရွက်ပြီး တရုတ်-အမေရိကန် နှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင်များ၏ သဘောတူညီချက်များကို လက်တွေ့ အကောင်အထည် ဖော်ဆောင်ရန် မျှော်လင့်ကြောင်း တရုတ်ဆို

(GMT+08:00)2024-03-04 15:58:15  

၁၄ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ဒုတိယအကြိမ် အစည်းအဝေး သတင်းစာရှင်းလင်းပွဲကို မတ်လ ၄ရက်နေ့တွင် ဘေကျင်းမြို့ရှိ ပြည်သူ့ ခန်းမဆောင်ကြီးမှာ ကျင်းပခဲ့ပါသည်။

ပြောရေး ဆိုခွင့်ရှိသူ Lou Qinjianက တရုတ်-အမေရိကန် ဆက်ဆံမှု ကောင်းမွန်တည်ငြိမ်လာခြင်း အပေါ် အားလုံး မျှော်လင့်ကြကြောင်း၊ တရုတ် နိုင်ငံသည် သမ္မတ ရှီကျင့်ဖိန်မှ ဖော်ပြခဲ့သော အပြန်အလှန် လေးစားခြင်း၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးနှင့် ပူးပေါင်းဆောင်ရွက်ပြီး win-win ရရှိရေး ဟူသော အခြေခံမူ ၃ရပ် အတိုင်း လိုက်နာဆောင်ရွက်ပြီး နှစ်နိုင်ငံ ဆက်ဆံမှု စဉ်ဆက်မပြတ် ကောင်းမွန်တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်ရန် ကြိုးပမ်းဆောင်ရွက်လိုကြောင်း၊ ယင်းသည် တရုတ် နိုင်ငံ အမြဲတစေ စွဲကိုင်ထားရှိသည့် သဘောထား ရပ်တည်ချက် ဖြစ်ကြောင်း၊ အမေရိကန်သည် ကတိပြုချက် အတိုင်း လိုက်နာဆောင်ရွက်ပြီး San Franciscoတွင် တရုတ်-အမေရိကန် နှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင်များရရှိခဲ့သော သဘောတူညီချက်များကို လက်တွေ့ အကောင်အထည် ဖော်ဆောင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။