(၇) ကြိမ်မြောက် သွင်းကုန်ကုန်စည်ပြပွဲတွင် Fortune 500 ကုမ္ပဏီများနှင့် စက်မှုလုပ်ငန်း ထိပ်တန်းကုမ္ပဏီ ၂၀၀ နီးပါးနှင့် စာချုပ် ချုပ်ဆို

(GMT+08:00)2024-03-04 12:28:01  

() ကြိမ်မြောက် တရုတ်နိုင်ငံတကာသွင်းကုန်ကုန်စည်ပြပွဲ လုပ်ငန်းကုမ္ပဏီပြပွဲ ပြခန်းနေရာ အကျယ်အဝန်းမှာ စတုရန်းမီတာ ၂၄၀၀၀၀ ကျော် ရှိပြီး Fortune 500 ကုမ္ပဏီများနှင့် စက်မှုလုပ်ငန်း ထိပ်တန်းကုမ္ပဏီ ၂၀၀ နီးပါးတို့နှင့် စာချုပ်များချုပ်ဆိုခဲ့ကြောင်း၊ () ကြိမ်မြောက် သွင်းကုန်ကုန်စည်ပြပွဲ၏ ပြင်ဆင်ရေး လုပ်ငန်းများကို ဘက်စုံဆောင်ရွက်ပြီး ခြေလှမ်းမှန်မှန်ဖြင့် တွန်းအားပေးလျက်ရှိကြောင်း၊ နိုင်ငံအသီးသီးမှ ကုမ္ပဏီများနှင့် အဖွဲ့အစည်းများသည် တက်ကြွစွာ အမည်စာရင်းတင်သွင်း ပြီး စာချုပ်ချုပ်ဆိုကာ လက်တွေ့ကျသော လုပ်ဆောင်ချက်များဖြင့် "ယုံကြည်မှု"များကို ပေးခဲ့ကြကြောင်း တရုတ်နိုင်ငံတကာ သွင်းကုန်ကုန်စည်ပြပွဲဗျူရိုမှ မကြာခင်က ရှန်ဟိုင်းမြို့တွင် မိတ်ဆက်ခဲ့သည်ဟု ဆင်ဟွာ သတင်းအရသိရပါသည်။