နိုင်ငံအများအပြားမှ ပုဂ္ဂိုလ်များက တရုတ်NPCနှင့်CPPCC နှစ်ပတ်လည် အစည်းအဝေးများကို အာရုံစူးစိုက်ကြ

(GMT+08:00)2024-03-04 12:16:59  

နိုင်ငံအများအပြားမှ ပုဂ္ဂိုလ်များက မကြာခင်ကျင်းပတော့မည့် တရုတ်NPCနှင့်CPPCC နှစ်ပတ်လည် အစည်းအဝေးများကို အာရုံစူးစိုက်ကြပြီး တရုတ်နိုင်ငံက တစ်ကမ္ဘာလုံး၏ ဖွံ့ဖြိုးတိုတက်ရေးအတွက် အားသစ်လောင်းပေးရန် မျှော်လင့်ကြကြောင်း၊ တရုတ်NPCနှင့်CPPCC နှစ်ပတ်လည် အစည်းအဝေး များသည် နောက်ဆုံးရ တရုတ်ဖွံ့ဖြိုးတိုးတက်ရေးပေါ်လစီများ သိရှိနားလည်ရန် အရေးကြီးသည့် အစည်းအဝေးများ ဖြစ်ကြကြောင်း၊ အရည်အသွေးသစ် ကုန်ထုတ်စွမ်းအား ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အရည်အသွေးမြင့်မားအောင်ဖွံ့ဖြိုးတိုးတက်ရေး တွန်းအားပေးရန် အရှိန်မြှင့် ဆောင်ရွက်ရေး နည်းလမ်းသစ်များကို အထူး အာရုံစူးစိုက်သင့်ကြောင်း ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။