ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်းသည် ခရီးသည်ဦးရေ စုစုပေါင်း ၂သန်းကျော်ကို သယ်ဆောင်ခဲ့ပြီ

(GMT+08:00)2024-03-04 15:17:13  

တရုတ်ရထားလမ်းနိုင်ငံတကာကုမ္ပဏီလီမိတက်မှသတင်းအရ မတ်လ ၃ရက်နေ့အထိ ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်းသည် ၁၃၉ရက်ကြာ လည်ပတ်ပြီးဖြစ်ကြောင်း၊ ခရီးသည်ဦးရေ စုစုပေါင်း ၂သန်းကျော်ကို သယ်ဆောင်ပြီးဖြစ်ကြောင်း၊ တစ်ရက်ကို အများဆုံး ခရီးသည်စီးနင်းမှုနှုန်းသည် ၉၉.၆ ရာခိုင်နှုန်းရှိကြောင်း၊ ခရီးသည်စီးနင်းမှုနှုန်းသည် ဆက်တိုက် မြင့်မားစွာတည်ရှိနေကြောင်း၊ လမ်းတစ်လျှောက်ရှိ ပြည်သူများအတွက် လုံခြုံပြီး အဆင်ပြေကာ နွေးထွေး၍ သက်တောင့်သက်သာရှိသော ခရီးသွားအတွေ့အကြုံများ ဆောင်ကြဉ်းပေးနေပါကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။