တရုတ်တောင်ပင်လယ် ပြဿနာနှင့် ပတ်သက်၍ ၁၄ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ဒုတိယအကြိမ် အစည်းအဝေး ပြောရေးဆိုခွင့်ရှိသူမှ ပြောကြားချက်

(GMT+08:00)2024-03-04 15:57:35  

၁၄ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ဒုတိယအကြိမ် အစည်းအဝေး သတင်းစာရှင်းလင်းပွဲကို မတ်လ ၄ရက်နေ့တွင် ဘေကျင်းမြို့ရှိ ပြည်သူ့ ခန်းမဆောင်ကြီးမှာ ကျင်းပခဲ့ပါသည်။

တရုတ်တောင်ပင်လယ် ပြဿနာနှင့် ပတ်သက်၍ အစည်းအဝေး၏ ပြောရေး ဆိုခွင့်ရှိသူ Lou Qinjianက တရုတ် နိုင်ငံသည် မိမိနိုင်ငံ၏ ပိုင်နက်နယ်မြေ အချုပ်အခြာနှင့် အဏ္ဏဝါအခွင့်အရေးများကို ဆက်လက် ခိုင်မာပြတ်သားစွာ ထိန်းသိမ်းကာကွယ်မည် ဖြစ်ကြောင်း၊ တစ်ချိန်တည်းတွင် သက်ဆိုင်ရာ နိုင်ငံများနှင့် ညှိနှိုင်းဆွေးနွေးခြင်းဖြင့် သက်ဆိုင်ရာ ပြဿနာများကို သင့်လျော်ပြေလည်စွာ ကိုင်တွယ်ဖြေရှင်းပြီး တရုတ် တောင်ပင်လယ် ဒေသ၏ အေးချမ်းတည်ငြိမ်ရေးကို အတူတကွ ထိန်းသိမ်းကာကွယ်ရန် ကြိုးပမ်းဆောင်ရွက်လိုကြောင်း ပြောကြားခဲ့ပါသည်။