၁၄ကြိမ်မြောက် တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာ ကော်မတီ (CPPCC) ဒုတိယအကြိမ် အစည်းအဝေး စတင်ကျင်းပ

(GMT+08:00)2024-03-04 15:42:26  

မတ်လ ၄ ရက်နေ့ညနေ ၃ နာရီတွင် ၁၄ကြိမ်မြောက် တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာ ကော်မတီ (CPPCC) ဒုတိယအကြိမ် အစည်းအဝေးကို တရုတ်ပြည်သူ့ခန်းမဆောင်ကြီး၌ စတင် ကျင်းပခဲ့ပြီး တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ နိုင်ငံတော်သမ္မတ၊ ဗဟိုစစ်ရေးကော်မရှင်ဥက္ကဋ္ဌ ရှီကျင့်ဖိန်နှင့် ပါတီနှင့် နိုင်ငံတော် ခေါင်းဆောင်များ ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ကြပါသည်။