၁၄ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ဒုတိယအကြိမ် အစည်းအဝေးကို မတ်လ ၅ရက်နေ့ နံနက်ပိုင်းတွင် စတင်ကျင်းပမည်

(GMT+08:00)2024-03-04 15:15:27  

၁၄ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ဒုတိယအကြိမ် အစည်းအဝေး သတင်းစာရှင်းလင်းပွဲကို မတ်လ ၄ရက်နေ့တွင် ဘေကျင်းမြို့ရှိ ပြည်သူ့ ခန်းမဆောင်ကြီးမှာ ကျင်းပခဲ့ပါသည်။ အစည်းအဝေး၏ ပြောရေးဆိုခွင့်ရှိသူ Lou Qinjian က အစည်းအဝေး အစီအစဉ်များနှင့် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် လုပ်ငန်းများနှင့် ပတ်သက်ပြီး ပြည်တွင်းပြည်ပသတင်းထောက်များ၏ မေးမြန်းချက်များကို ဖြေကြားခဲ့ပါ သည်။
    ပြောရေးဆိုခွင့်ရှိသူ Lou Qinjian က ၁၄ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ဒုတိယအကြိမ် အစည်းအဝေးကို မတ်လ ၅ရက်နေ့ နံနက်ပိုင်းတွင် စတင်ကျင်းပမည် ဖြစ်ပြီး မတ်လ၁၁ရက်နေ့တွင် ကျင်းပပြီးစီးမည် ဖြစ်ကြောင်း၊ အစည်း အဝေးကို ၇ရက်ကြာ ကျင်းပမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။