ရှီကျင့်ဖိန် သည် ပါကစ္စတန်နိုင်ငံဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံရသည့် Mian Muhammad Shehbaz Sharif အား ဂုဏ်ပြုကြောင်းသဝဏ်လွှာ ပေးပို့

(GMT+08:00)2024-03-04 15:19:15  

မတ်လ ၃ရက်နေ့က တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် သည် ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံရသည့် Mian Muhammad Shehbaz Sharif အား ဂုဏ်ပြုကြောင်းသဝဏ်လွှာ ပေးပို့ခဲ့ပါသည်။
    ရှီကျင့်ဖိန် က ဝန်ကြီးချုပ် Mian Muhammad Shehbaz Shari နှင့် ပါကစ္စတန်အစိုးရ အဖွဲ့သစ်၏ ဦးဆောင်မှုအောက်တွင် ပါကစ္စတန်လုပ်ငန်းပေါင်းစုံတို့၏ စည်းလုံးညီညွတ်စွာ ကြိုးပမ်းဆောင်ရွက်မှုဖြင့် ပါကစ္စတန်နိုင်ငံ၏ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွင် ပိုမိုကြီးမားသော အောင်မြင်မှုသစ်များ ရရှိနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း၊ တရုတ်-ပါကစ္စတန်နှစ်နိုင်ငံတို့သည် အစဉ်အလာချစ်ကြည်ရေးကို လက်ဆင့်ကမ်းပြီး နယ်ပယ်အသီးသီးတွင် ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရန်၊ တရုတ်-ပါကစ္စတန်စီးပွားရေးစင်္ကြံတည်ဆောက်မှု အဆင့်မြင့်တင်ရေးကို လက်တွဲကြိုးပမ်း ဆောင်ရွက်ရန်၊ တရုတ်-ပါကစ္စတန် ရာသီမပြတ် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးကို ဆက်တိုက်နက်ရှိုင်းစေရန်၊ ခေတ်သစ်တွင် ပိုမိုရင်းနှီးသော တရုတ်-ပါကစ္စတန်ကံကြမ္မာတူအသိုက်အဝန်းကို တည်ဆောက်ပြီး နှစ်နိုင်ငံပြည်သူများ အား ပိုမိုများပြားသော ချမ်းသာသုခများ ဖန်တီးပေးရန် လိုကြောင်း ဖော်ပြထား ပါသည်။
    ထိုနေ့တွင် တရုတ်နိုင်ငံတော်ကောင်စီဝန်ကြီးချုပ် လီချန် သည်လည်း Mian Muhammad Shehbaz Sharif အား ဂုဏ်ပြုကြောင်းသဝဏ်လွှာ ပေးပို့ခဲ့ပါသည်။