၁၄ကြိမ်မြောက် CPPCC ဒုတိယ အကြိမ် အစည်းအဝေး ၄ရက်နေ့တွင် စတင် ကျင်းပမည်

(GMT+08:00)2024-03-03 19:39:36  

    ၁၄ကြိမ်မြောက် တရုတ် ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့် ပြည်လုံးဆိုင်ရာ ကော်မတီ (CPPCC)  ဒုတိယ အကြိမ် အစည်းအဝေး ဆိုင်ရာ သတင်းစာ ရှင်းလင်းပွဲကို ယခုလ ၃ရက်နေ့ ညနေပိုင်းတွင် ကျင်းပခဲ့ရာ ပြောရေးဆိုခွင့်ရှိသူ လျူကျယ်အီက ၁၄ကြိမ်မြောက် တရုတ် ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့် ပြည်လုံးဆိုင်ရာ ကော်မတီ (CPPCC)  ဒုတိယ အကြိမ် အစည်းအဝေးကို ယခုလ ၄ရက်နေ့ ညနေ ၃နာရီတွင် ဘေကျင်း ပြည်သူ့ ခန်းမဆောင်ကြီး၌ စတင် ကျင်းပပြီး ၆ရက်ကြာ ကျင်းပမည်ဖြစ်ကာ ၁၀ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပပြီးစီးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။