၂၀၂၄ခုနှစ် NPCနှင့်CPPCC နှစ်ပတ်လည် အစည်းအဝေးများတွင် မည်သည့် အချက်များ အာရုံစိုက်သင့်သနည်း

(GMT+08:00)2024-03-03 15:36:28  

၂၀၂၄ခုနှစ် တရုတ် ပြည်လုံးဆိုင်ရာ ပြည်သူ့ ကွန်ဂရက်(NPC) နှစ်ပတ်လည် အစည်းအဝေးနှင့် တရုတ် ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့် ပြည်လုံးဆိုင်ရာ ကော်မတီ (CPPCC) နှစ်ပတ်လည် အစည်းအဝေးသည် စတင်တော့မည် ဖြစ်ပါသည်။ ယခုနှစ်သည် တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ တည်ထောင်ခဲ့သည့် ၇၅နှစ် ပြည့်မြောက်သည့် နှစ်ဖြစ်ပြီး “၁၄ကြိမ်မြောက် ၅နှစ် စီမံကိန်း”ပါ ရည်မှန်းချက် လုပ်ငန်းတာဝန်များကို အကောင်အထည် ဖော်ဆောင်ရန် သော့ချက်ကျသည့် နှစ်တစ်နှစ်လည်း ဖြစ်ပါသည်။ ၂၀၂၄ခုနှစ် NPCနှင့်CPPCC နှစ်ပတ်လည် အစည်းအဝေးများတွင် အာရုံစိုက်သင့်သည့် အချက်များစွာ ရှိပါသည်။

ပထမအချက်က ယခုနှစ် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု လျာထားချက်များကို မည်သို့ သတ်မှတ်ပေးမည်နည်း။ ဒုတိယ အချက် ကတော့ အရေးကြီးသည့် လုပ်ငန်းနယ်ပယ်များတွင် ပြုပြင်ပြောင်းလဲမှုများကို ဖော်ဆောင်ရန် မည်သို့ စီမံကိန်း ချမှတ်မည်နည်း။ တတိယ အချက်က အရည်အသွေးသစ် ကုန်ထုတ်စွမ်းအား(new quality productivity)ကို ဆက်တိုက် ဆန်းသစ်တီထွင်စေရန် မည်သည့် စီမံချက်များ ရှိသနည်း။ စတုတ္ထ အချက် ကတော့ ပြည်သူတို့၏ စားဝတ်နေရေး အာမခံပေးမှု လုပ်ငန်းတွင် ပိုမို အားကောင်း နွေးထွေးစွာ ဆောင်ရွက်ရန် မည်သည့် စီမံချက်များ ရှိသနည်း။ ပဥ္စမ အချက်က နိုင်ငံခြားအား အဆင့် ပိုမိုမြင့်မားသော တံခါးဖွင့်မှုကို ဖော်ဆောင်ရန် မည်သို့ စီမံကိန်း ချမှတ်မည်နည်း။