ပင်လယ်နီ အကျပ်အတည်းတွင် တရုတ်-ဥရောပ ရထားလမ်း၏ အားသာချက်များ ပေါ်လွင်လာခြင်းသည် ဘာတွေကို ပြဆိုနေသနည်း

(GMT+08:00)2024-03-03 10:21:06  

ပင်လယ်နီသည် Suezတူးမြောင်းသို့ အရေးကြီးသော ပင်လယ်ရေကြောင်းများ အနက် တစ်ခု အပါအဝင် ဖြစ်သလို အနောက် ဥရောပနှင့် အမေရိကန်သို့ ရေကြောင်း ကုန်သွယ်ရေး အချို့တွင် မဖြစ်မနေ ဖြတ်သန်းရမည့် ရေလမ်းကြောင်းလည်း ဖြစ်ပါသည်။ ၂၀၂၃ခုနှစ် နိုဝင်ဘာလ မှစ၍ ပါလက်စတိုင်းအား အားပေးထောက်ခံသည့် အနေဖြင့် ယီမင် ဟူသီ လက်နက်ကိုင် အဖွဲ့သည် ပင်လယ်နီ ရပ်ဝန်းကို ဖြတ်သန်းသော အစ္စရေးနှင့် ပတ်သက်သည့် သင်္ဘောများကို အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့သောကြောင့် ပိုမိုများပြားသည့် သင်္ဘောများသည် တောင်အာဖရိက Cape of Good Hope မှတစ်ဆင့် ကွေ့ပတ်သွား ရပါသည်။

ကမ္ဘာ့ ထောက်ပံ့ရေး ကွင်းဆက်၏ လုံခြုံရေး အနေနှင့် စိန်ခေါ်မှုနှင့် ရင်ဆိုင်နေရသည့် အချိန်တွင် တရုတ်-ဥရောပ ရထားလမ်း အပေါ် လူအများက ပိုပြီး အာရုံစိုက်လာကြပါသည်။ လက်ရှိ လုံခြုံရေး အခြေအနေမျိုးတွင် ပင်လယ်ပြင် ရေကြောင်း သယ်ယူပို့ဆောင်ရေး နည်းလမ်းနှင့် နှိုင်းယှဉ်ကြည့်လျှင် တရုတ်-ဥရောပ ရထားလမ်းသည် မည်သည့် အားသာ ချက်များ ရှိပါသနည်း။ အသိသာဆုံး အားသာချက်မှာ တည်ငြိမ်မှု၊ ယုံကြည်စိတ်ချရမှုနှင့် ကုန်ပစ္စည်းများကို အချိန်မှန်မှန် ပို့ဆောင်ရောက်ရှိနိုင်မှုများ ဖြစ်ပါသည်။ ထို့အပြင်၊ ဈေးနှုန်းနှင့် အချိန်ဆိုင်ရာ ကုန်ကျစရိတ် ပိုမိုနည်းပါးပါသည်။ လွန်ခဲ့သည့် ၁၀နှစ်ကျော်တွင် တရုတ်-ဥရောပ ရထားလိုင်းနှင့် သယ်ယူပို့ဆောင်နိုင်စွမ်း အဆက်မပြတ် တိုးလာပါသည်။ လက်ရှိတွင် Belt and Road အရည်အသွေး မြင့်မားစွာ အတူ တည်ဆောက်ရေး၌ အပြန်အလှန် ချိတ်ဆက်မှု သွေးကြော ဖြစ်သည့် အနေဖြင့် တရုတ်-ဥရောပ ရထားလမ်းများသည် ဥရောပ နိုင်ငံ ၂၅နိုင်ငံနှင့် မြို့၂၁၉မြို့သို့ ရောက်ရှိနိုင်ပါသည်။ ၄င်းသည် ရေရှည်ခိုင်မာမှု ရှိသော နိုင်ငံတကာ ကုန်စည် ပို့ဆောင်ရေးနှင့် ထောက်ပံ့ရေး ကွင်းဆက်ကို ဖန်တီးပေးပြီး ယူရေးရှားဒေသ (eurasia) ဖွံ့ဖြိုးတိုးတက်မှု အတွက် တွန်းအားသစ်ကို ဖော်ဆောင်ပေးနေပါသည်။ ယင်းသည် Belt and Road အဆိုပြုချက်က စီးပွားရေး ဂလိုဘယ်လိုက်ဇေးရှင်း ခေတ်ရေစီးကြောင်းနှင့်ဖြစ်ဖြစ်၊ ကမ္ဘာ့ စီမံခန့်ခွဲရေး စနစ် ပြုပြင်ပြောင်းလဲစေရန် ယနေ့ခေတ်၏ တောင်းဆိုချက်နှင့် ဖြစ်ဖြစ်၊ နိုင်ငံ အသီးသီးမှ ပြည်သူများ၏ ကောင်းမွန်သော ဘဝ ရရှိရန် ပြင်းပြသော လိုအင်ဆန္ဒနှင့် ဖြစ်ဖြစ် လိုက်လျောညီထွေ ဖြစ်စေခြင်းကို အပြည့်အဝ ပြဆိုနေပါသည်။