ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှု အရင်းအမြစ်များ ပြတ်လပ်မှုကြောင့် ဂျပန်နိုင်ငံ မီယာဇာကီပြည်နယ်တွင် "လူနာတင်လေယာဉ်" ကို အသုံးပြုရန် စီစဉ်ထား

(GMT+08:00)2024-03-03 12:06:01  

ဒေသစံတော်ချိန် မတ်လ ၂ ရက်နေ့က ဂျပန်နိုင်ငံ Miyazaki ပြည်နယ် Nobeoka မြို့တွင် လူနှစ်ဦးတင်ဆောင်ထာသည့် လေယာဉ်တစ်စင်း စမ်းသပ်ပျံသန်းခဲ့ပါသည်။ ဆရာဝန်ရှားပါးပြီး ဒေသ ဆေးဘက်ဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်အတွက် Nobeokaမြို့မှာ လူနာတင်လေယာဉ်ဟု ယူဆရသည့် ယင်းလေယာဉ်မျိုးကို ၂၀၂၇ ဘဏ္ဍာနှစ်မတိုင်မီ လက်တွေ့အသုံးပြုနိုင်ရန် စီစဉ်နေပါသည်။