Shenzhou အမှတ် ၁၇ အာကာသယာဉ်မှူးများသည် ဒုတိယ အကြိမ် အဖြစ် အာကာသ စခန်းမှ ထွက်ပြီး တာဝန်ထမ်းဆောင်ခြင်းကို အောင်မြင်စွာ ဆောင်ရွက်ကာ ပထမဆုံး အကြိမ် အာကာသ စခန်း ပြင်ပ ပြုပြင်ရေး လုပ်ငန်း ပြီးမြောက်

(GMT+08:00)2024-03-03 15:37:08  

 အာကာသ စခန်း၏ စက်ပိုင်းဆိုင်ရာ လက်မောင်း(mechanical arm)နှင့် ကမ္ဘာ မြေမှ ဝန်ထမ်းများ၏ တွဲဖက်ဆောင်ရွက်မှုနှင့် ပံ့ပိုးမှုများဖြင့် အာကာသ စခန်းမှ ထွက်ပြီး ၈နာရီခန့်ကြာ တာဝန်ထမ်းဆောင်ရာတွင် Shenzhou အမှတ် ၁၇ အာကာသယာဉ်မှူး Tang Hongbo၊ Tang Shengjieနှင့် Jiang Xinlinတို့သည် ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ကာ ဘေကျင်း စံတော်ချိန် ယခုလ ၂ရက်နေ့ ညနေ ၁နာရီ ၃၂မိနစ် အချိန်တွင် ကြိုတင် သတ်မှတ်ထားသော လုပ်ငန်းတာဝန်အားလုံးကို ပြီးမြောက်အောင် ဆောင်ရွက်ခဲ့ကြကြောင်း၊ Tang Hongboနှင့် Jiang Xinlinတို့သည် Wentian စမ်းသပ်ရေး မော်ဂျူးသို့ ဘေးကင်းစွာ ပြန်လည် ဝင်ရောက်ခဲ့ကြောင်း၊ အာကာသယာဉ်မှူးများ၏ အာကာသ စခန်းမှ ထွက်ပြီး တာဝန်ထမ်းဆောင်ခြင်းသည် ပြီးမြောက်ခဲ့ကြောင်း တရုတ် လူပါ အာကာသ လုပ်ငန်းဌာနရုံးမှ သတင်းအရ သိရပါသည်။