၂၆ ကြိမ်မြောက် Pasir Gudang နိုင်ငံတကာ စွန်လွှတ်ပွဲတော်ကို မလေးရှားနိုင်ငံတွင် ကျင်းပ

(GMT+08:00)2024-03-03 12:06:56  

ဒေသစံတော်ချိန် မတ်လ၂ ရက်နေ့က မလေးရှားနိုင်ငံ၊ ဂျိုဟာပြည်နယ် Pasir Gudang မြို့၌ တရုတ်အဖွဲ့မှ ယူဆောင်လာသည့် ဧရာမသစ်ကုလားအုတ်စွန်ကြီးသည် လေထဲတွင် ဝဲပျံနေပါသည်။ ထိုနေ့တွင် ၂၆ ကြိမ်မြောက် Pasir Gudang နိုင်ငံတကာ စွန်လွှတ်ပွဲတော်ကို စတင်ခဲ့ပြီး နိုင်ငံနှင့် ဒေသပေါင်း ၃၀ ကျော်မှ ပြိုင်ပွဲဝင် ၁၃၀ ကျော်၏ စွန်မျိုးစုံများဖြင့် ကောင်းကင်ကို လှပစေခဲ့ပါသည်။