အနောက်တိုင်းသည် ရုရှားပိုင်ဆိုင်မှုများကို သိမ်းယူပါက ရုရှားသည် တန်းတူတုံ့ပြန်မည်ဟု Lavrov ဆို

(GMT+08:00)2024-03-03 15:32:18  

ဒေသစံတော်ချိန် မတ်လ ၂ရက်နေ့က ရုရှားနိုင်ငံခြားရေးဝန်ကြီး Lavrovက အနောက်တိုင်းနိုင်ငံများသည် ရုရှားနိုင်ငံ၏ပိုင်ဆိုင်မှုများကို သိမ်းယူပါက ရုရှားနိုင်ငံသည် တန်းတူတုံ့ပြန်မှုပြုလုပ်မည်ဟု ပြောကြားခဲ့ကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။

Lavrovက အနောက်တိုင်းနိုင်ငံများသည် ရုရှားနိုင်ငံ၏ပိုင်ဆိုင်မှုများကို သိမ်းယူသော လုပ်ရပ်များသည် မည်သည့်ပုံစံဖြင့်မဆို  ခိုးယူမှုနှင့် တူညီသည်ဟု ပြောကြားခဲ့ပါသည်။