၁၃ကြိမ်မြောက် WTO ဝန်ကြီးအဆင့် အစည်းအဝေး ကျင်းပပြီးစီး၊ တရုတ် နိုင်ငံမှ အပြုသဘောဆောင်သော အခန်းကဏ္ဍကို ဘက်အသီးသီးမှ ချီးကျူး

(GMT+08:00)2024-03-03 19:40:22  

 ဖေဖော်ဝါရီလ ၂၆ရက်နေ့မှ မတ်လ ၂ရက်နေ့ အထိ ၁၃ကြိမ်မြောက် WTO ဝန်ကြီးအဆင့် အစည်းအဝေးသည် အာရပ်စော်ဘွားများ နိုင်ငံ Abu Dhabiမြို့တော်တွင် ကျင်းပခဲ့ကြောင်း၊ တရုတ် ကိုယ်စားလှယ်အဖွဲ့သည် ဆွေးနွေးခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်း ပြုလုပ်ရန် ဖြစ်ဖြစ်၊ အောင်မြင်မှု ရရှိရန် ဖြစ်ဖြစ် တက်ကြွစွာ တွန်းအားပေးပြီး ညှိနှိုင်းဆွေးနွေးပွဲ အားလုံးတွင် တစ်လျှောက်လုံး ပါဝင်ခဲ့ကြောင်း၊ အစည်းအဝေးတွင် အောင်မြင်မှု ရရှိရန် အတွက် အရေးကြီးသည့် အကျိုးပြုမှုကို စွမ်းဆောင်ခဲ့ကြောင်း၊ အာရပ်စော်ဘွားများ နိုင်ငံ အပါအဝင် အစည်းအဝေးသို့ တက်ရောက်သူများနှင့် WTOဒါရိုက်တာချုပ် Iwealaတို့သည် ယင်းအပေါ် လွန်စွာ ချီးကျူးခဲ့ကြကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။