ရုရှားဒုံးကျည်တပ်ဖွဲ့သည် “ရာလ်စ်”တိုက်ချင်းပစ်ဒုံးကျည်ပစ်လွှတ်လေ့ကျင့်မှုပြုလုပ်

(GMT+08:00)2024-03-03 15:33:08  

ဒေသစံတော်ချိန် မတ်လ ၁ရက်နေ့က ရုရှားနိုင်ငံ အာလ်ဟန်ကယ်လ်စ်ခ်တွင် ရုရှားဒုံးကျည်တပ်ဖွဲ့သည် ဖူလျယ်ရှပ်ဇီခ်အာကာသလွှတ်တင်ရေးစခန်း၌ ဖြုတ်တပ်နိုင်သော ထိပ်ဖူးတပ်ဆင်ထားသည့် “ရာလ်စ်”တိုက်ချင်းပစ်ဒုံးကျည်ကို ပစ်လွှတ်လေ့ကျင့်ခဲ့သည်။ ဒုံးကျည်ကို ခန်ချာကြာကျွန်းဆွယ်ရှိ သတ်မှတ်ထားသော နေရာသို့ အောင်မြင်စွာ ထိမှန်နိုင်ခဲ့သည်။

အဆိုပါ ဒုံးကျည်ပစ်လွှတ်လေ့ကျင့်မှု၏ ရည်ရွယ်ချက်က ဤဒုံးကျည်အမျိုးအစား၏ နည်းဗျူဟာပိုင်း၊ နည်းပညာပိုင်းနှင့် ပျံသန်းမှုဆိုင်ရာ လက္ခဏာများကို အတည်ပြုရန် ဖြစ်ပြီး စီစဉ်ထားသည့် လေ့ကျင့်ရေးဘာသာရပ်အားလုံးကို ပြီးစီးခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။