တရုတ်-လာအိုမီးရထားလမ်း လာအိုအပိုင်းတွင် အမြန်ချောပို့ဆောင်ရေးလုပ်ငန်း ပထမဆုံး အကြိမ် စတင်ဆောင်ရွက်

(GMT+08:00)2024-03-03 15:29:48  

သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှု အမျိုးအစား ချဲ့ထွင်ရန်နှင့် လမ်းတစ်လျှောက်ရှိ ပြည်သူများအား ကုန်ပစ္စည်များ စိတ်ချလုံခြုံပြီး သယ်ယူပို့ဆောင်မှု လျင်မြန်လွယ်ကူစေရန် အတွက် လာအို-တရုတ် မီးရထားလမ်း လာအိုအပိုင်းကို တာဝန်ယူထားသော လာအို-တရုတ် ရထားလမ်းကုမ္ပဏီ လီမိတက်သည်  လာအိုနိုင်ငံတွင် အမြန်ချော ပို့ဆောင်ရေးလုပ်ငန်းကို ပထမဆုံးအကြိမ် စတင်ဆောင်ရွက်ပြီဖြစ်ကြောင်း လာအို-တရုတ် ရထားလမ်းကုမ္ပဏီ လီမိတက်မှ သတင်းအရသိရပါသည်။ ယင်းသည် လာအို e-commerce လုပ်ငန်း ဖွံ့ဖြိုမှုကို မြှင့်တင်ပြီး လာအိုပြည်သူများ၏ နေထိုင်မှုဘဝနှင့် ဒေသတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် အထောက်အကူပြုသွားမည်ဖြစ်ပါသည်။