တရုတ်နှင့်ပြင်သစ် ငြိမ်းချမ်းမှု ထိန်းသိမ်းရေးတပ်ဖွဲ့တို့သည် လက်ဘနွန်၌ အတွေ့အကြုံများ ကူးလူးဖလှယ်

(GMT+08:00)2024-03-03 15:31:43  

ဒေသစံတော်ချိန် ဖေဖော်ဝါရီလ ၂၆ရက်နေ့က တရုတ်၏ ၂၂သုတ်မြောက် လက်ဘနွန်ဆိုင်ရာ ငြိမ်းချမ်းမှု ထိန်းသိမ်းစောင့်ရှောက်ရေးတပ်ဖွဲ့သည် ဖိတ်ကြားချက်အရ လက်ဘနွန်၌ ငြိမ်းချမ်းရေးထိန်းသိမ်းစောင့်ရှောက်နေသော ပြင်သစ်တပ်စခန်းနှင့်အတူ လုပ်ငန်းဆိုင်ရာအတွေ့အကြုံများကို ကူးလူးဖလှယ်ခဲ့ကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။

ပြင်သစ်တပ်စခန်းမှ တပ်မှူးတပ်သားများသည် လက်ဘနွန်၌ ငြိမ်းချမ်းမှု ထိန်းသိမ်း စောင့်ရှောက်ရေးတာဝန်ထမ်းဆောင်နေသည့် အင်ဂျင်နီယာတပ်စု၏ ဖွဲ့စည်းမှု၊ မိုင်းနှင့် အခြား ဖောက်ခွဲရေးပစ္စည်း ရှင်းလင်းရေး ကိရိယာများ၏ စွမ်းဆောင်ရည်ကို တရုတ်တပ် စခန်းမှ တပ်မှူးတပ်သားများအား မိတ်ဆက်ပေးခဲ့ပါသည်။ ထို့အပြင် မိုင်းရှင်းလင်းရေး အတုကို သရုပ်ပြပြီး စက်ယန္တရားယာဉ်များပြသခဲ့ကာ တရုတ်တပ်စခန်းနှင့်ပြင်သစ် တပ်စခန်းအကြား ချစ်ကြည်ရေးကို မြှင့်တင်ခဲ့ပါသည်။