တရုတ်-ထိုင်း အပြန်အလှန် ဗီဇာကင်းလွတ်ခွင့် ကျင့်သုံးသည့် ပထမရက်တွင် ယူနန်ပြည်နယ်မှတစ်ဆင့် ဝင်ရောက်လာသော ထိုင်းခရီးသည်ဦးရေ သိသိသာသာတိုးများလာ

(GMT+08:00)2024-03-03 15:30:23  

မတ်လ ၁ ရက်နေ့က တရုတ်နှင့် ထိုင်း နှစ်နိုင်ငံ  သာမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများအတွက် အပြန်အလှန် ဗီဇာကင်းလွတ်ခွင့် သဘောတူညီချက်သည် တရားဝင် အသက်ဝင်လာခဲ့ပါသည်။ ထိုနေ့က ယူနန်ပြည်နယ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ ဝင်ရောက်လာသော ထိုင်းနိုင်ငံခရီးသည်ဦးရေသည် သိသိသာသာတိုးများလာပါသည်။ ထိုင်းနိုင်ငံ မှ ခရီးသည်များသည် လေယာဉ်စီးပြီး ကူမင်းမြို့ Changshui အပြည်ပြည်ဆိုင်ရာ လေဆိပ် မှ တရုတ်နိုင်ငံသို့ ဝင်ရောက်ရန် ရွေးချယ်နိုင်သလို တရုတ်-လာအို ရထားစီးပြီး မိုဟန်- ရထားလမ်းဂိတ်မှလည်း တရုတ်နိုင်ငံသို့ ဝင်ရောက်နိုင်သည်ဟု ဆင်ဟွာ သတင်းအရသိရပါသည်။