အလွန်ကြီးမားသော “Yongzhou” Shield စက်သည် အလွန်ရှည်လျားသော ပင်လယ်ရေအောက် မြန်နှုန်းမြင့်ရထားလိုဏ်ဂူကို ဖြတ်တော့မည်

(GMT+08:00)2024-03-02 17:15:42  

ယခုတစ်လော အလွန်ကြီးမားသော “Yongzhou” Shield စက်ကို ထုတ်လုပ်ပြီးစီးခဲ့ပြီး Ningbo-Zhoushanရထားလိုင်း Jintangပင်လယ်ရေအောက်လိုဏ်ဂူတည်ဆောက်ရာတွင် အသုံးပြုမှာဖြစ်ပါသည်။ ယင်း ၅ထပ် အဆောက်အအုံ အမြင့်ရှိသည့် အလွန် ကြီးမားသော Shieldစက်သည် လက်ရှိ ထိန်းချုပ်ရေးအတိအကျမှန်ကန်မှုနှုန်းအမြင့်ဆုံး၊ ခေတ်အစားဆုံးသောနည်းပညာစနစ်ကို အသုံးပြုထားပါသည်။ Shieldစက်သည် ၁၃၅မီတာ ရှည်လျားပြီး တန်ချိန်ပေါင်း ၄၃၅၀ရှိကာ အထူးထုတ်လုပ်ထားသော ဓား ၃၀၈လက် တပ်ဆင်၍ အချင်း ၁၄.၅၇မီတာကို တူးဖော်နိုင်ပြီး ကမ္ဘာ့အဆင့်မီအရည်အချင်း ရှိပါသည်။