ဆဋ္ဌမအကြိမ်မြောက် ကုလသမဂ္ဂပတ်ဝန်းကျင်ညီလာခံ ကျင်းပပြီးစီးခဲ့ပြီး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆုံးဖြတ်ချက်အများအပြားကို အတည်ပြု

(GMT+08:00)2024-03-02 17:11:57  

    ဒေသစံတော်ချိန် မတ်လ ၁ ရက်နေ့က ဆဋ္ဌမအကြိမ်မြောက် ကုလသမဂ္ဂပတ်ဝန်းကျင်ညီလာခံကို ကင်ညာနိုင်ငံ နိုင်ရိုဘီ၌ ကျင်းပပြီးစီးခဲ့ပါသည်။ ပိတ်ပွဲအခမ်းအနားတွင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၃ နိုင်ငံမှ ကိုယ်စားလှယ်များသည် “ရာသီဥတုပြောင်းလဲမှု၊ သဘာဝပတ်ဝန်းကျင်နှင့် ဇီဝမျိုးစုံမျိုးကွဲများ ဆုံးရှုံးခြင်း၊ ညစ်ညမ်းမှုနှင့် စွန့်ပစ်ပစ္စည်းများဆိုင်ရာ ပြဿနာများကို ဖြေရှင်းရေး”ဆိုင်ရာ ကဏ္ဍပေါင်းစုံ ပါဝင်သော ဆုံးဖြတ်ချက် ၁၇ခုနှင့် ပတ်သက်၍ မဲခွဲဆုံးဖြတ်ပြီး အတည်ပြု ခဲ့ကြပါသည်။ ရာသီဥတုဖောက်ပြန်မှု လျော့ပါးစေရန်၊ သဘာဝနှင့် မြေယာများ ပြန်လည်ထူထောင်ရန်နှင့် ညစ်ညမ်းမှု ကင်းစင်သော ကမ္ဘာကြီးကို ဖန်တီးရန် နိုင်ငံတကာ အသိုင်းအဝိုင်းက ပြင်းပြသော ဆန္ဒကို ပြသထားပါသည်။