ဂါဇာကမ်းမြောင်တွင် အစ္စရေး၏ စစ်ရေးဆောင်ရွက်မှုများကြောင့် လူ ၃သောင်းကျော် သေဆုံးပြီး ၇သောင်းကျော် ဒဏ်ရာရရှိ

(GMT+08:00)2024-03-02 17:12:46  

ဒေသ စံတော်ချိန် ယခုလ ၁ရက်နေ့က ဂါဇာကမ်းမြောင်ဒေသ ကျန်းမာရေး ဌာနမှ ထုတ်ပြန်ကြေညာချက် အရ လွန်ခဲ့သည့် ၂၄နာရီ အတွင်း အစ္စရေး စစ်တပ်မှ ဂါဇာကမ်းမြောင်တွင် စစ်ရေး လုပ်ဆောင်မှု ၁၆ခုကို ပြုလုပ်ခဲ့သောကြောင့် လူ ၁၉၃ဦး သေဆုံးပြီး ၉၂၀ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရပါသည်။

၂၀၂၃ခုနှစ် အောက်တိုဘာလ ၇ရက်နေ့က ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခအ သစ်တစ်ကြိမ် ဖြစ်ပွားခဲ့သည့် နောက်ပိုင်း ဂါဇာကမ်းမြောင်တွင် အစ္စရေး၏ စစ်ရေးဆောင်ရွက်မှုများကြောင့် ပါလက်စတိုင်းသား ၃၀၂၂၈ဦး သေဆုံးပြီး ၇၁၃၇၇ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရပါသည်။