ယခုနှစ် ပထမအသုတ်အဖြစ် မြန်မာ နိုင်ငံတွင် နိုင်ငံဖြတ်ကျော် အွန်လိုင်း ဆက်သွယ်ရေး လိမ်လည်မှု ကျူးလွန်ကြောင်း သံသယရှိသူ ၄၉၇ဦးကို တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးအပ်

(GMT+08:00)2024-03-02 17:17:11  

    ယခုနှစ်တွင် တရုတ် ပြည်သူ့ လုံခြုံရေး ဝန်ကြီးဌာနသည် မြန်မာ ဥပဒေ ကျင့်သုံးရေး ဌာနနှင့် ပူးပေါင်းဆောင်ရွက်မှု ဆက်လက် အားဖြည့် ပြုလုပ်ပြီး မြန်မာ နိုင်ငံ တာချီလိတ်မြို့ တွင် အွန်လိုင်း ဆက်သွယ်ရေး လိမ်လည်မှု ကျူးလွန်ကြောင်း သံသယရှိသူ ၄၉၇ဦးကို ဖမ်းဆီးခဲ့ကြောင်း၊ ဖေဖော်ဝါရီလ ၂၁ရက်နေ့က မြန်မာရဲဌာနသည် အဆိုပါ အွန်လိုင်း ဆက်သွယ်ရေး လိမ်လည်မှု ကျူးလွန်ကြောင်း သံသယရှိသူ ၄၉၇ဦးကို တရုတ် နိုင်ငံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရပါသည်။ ယင်းသည် တရုတ်-မြန်မာ ရဲဌာနများ အကြား ဥပဒေ ကျင့်သုံးရေး ပူးပေါင်းဆောင်ရွက်မှုများတွင် အရေးကြီးသည့် အောင်မြင်မှု တစ်ရပ် ထပ်မံ ရရှိခဲ့ခြင်း ဖြစ်ပါသည်။