ဂါဇာမြို့ရှိ ကယ်ဆယ်ရေးစခန်းအား တိုက်ခိုက်မှုကြောင့် လူ၁၁၅ဦးသေဆုံး

(GMT+08:00)2024-03-02 17:13:23  

ဂါဇာကမ်းမြောင်ဒေသရှိ ကျန်းမာရေးဌာနမှနောက်ဆုံးရ အချက်အလက်များအရ ဖေဖော်ဝါရီလ ၂၉ရက်နေ့က ဂါဇာမြို့ ကယ်ဆယ်ရေးစခန်း အပေါ် တိုက်ခိုက်မှုကြောင့် ဒေသစံတော်ချိန် မတ်လ ၁ရက်နေ့ညနေပိုင်းအထိ လူ၁၁၅ဦးသေဆုံးပြီး လူပေါင်း၇၆၀ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြသည်ဟု သတင်းအရ သိရပါသည်။

ဖေဖော်ဝါရီလ ၂၉ရက်နေ့ နံနက်ပိုင်းက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကယ်ဆယ်ရေးပစ္စည်းများ တင်ဆောင်လာသည့် ကုန်တင်ကားအစီးရေ ၃၀ ကျော်သည် ဂါဇာမြို့သို့ ရောက်ရှိလာပြီး ထောင်နှင့်ချီသော ပါလက်စတိုင်းသားများက အစားအစာယူရန် ယာဉ်များဆီသို့ အမြန်ပြေးလာခဲ့စဉ် ရုတ်တရက် သေနတ်သံများ ကျယ်လောင်လာပြီး လူအများ အော်ဟစ်ကာ  ငိုကြွေးရင်း ပြေးလွှားသွားခဲ့ကြရပါသည်။