ရှီကျင့်ဖိန်သည် ဟန်ဂေရီသမ္မတ Sulyok ထံ ဂုဏ်ပြုသဝဏ်လွှာပေးပို့

(GMT+08:00)2024-03-02 17:17:43  

ဖေဖော်ဝါရီလ ၂၉ရက်နေ့က တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် Tamas Sulyok အား ဟန်ဂေရီသမ္မတအဖြစ် အရွေးခံရခြင်းအပေါ် ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့ကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။

ရှီကျင့်ဖိန်က ယခုနှစ်သည် တရုတ်-ဟန်ဂေရီ သံတမန်အဆက်အသွယ်ထားရှိခဲ့သည့် ၇၅နှစ် ပြည့်မြောက်သည့်နှစ်ဖြစ်ပြီး နှစ်ဖက်ဆက်ဆံရေးဖွံ့ဖြိုးတိုးတက်ရာတွင် အရေးကြီး အခွင့်ကောင်းသစ်ဖြစ်ကြောင်း၊ မိမိအနေနှင့် တရုတ်-ဟန်ဂေရီဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု ကို လွန်စွာ အလေးထားကြောင်း၊ သမ္မတ Sulyokနှင့်အတူ နှစ်နိုင်ငံပြည်သူများ၏ ချစ်ကြည်ရေးအစဉ်အလာကို ဆက်လက်ထိန်းထားပြီး နှစ်နိုင်ငံ နိုင်ငံရေး အပြန်အလှန် ယုံကြည်မှုနှင့် နယ်ပယ်အသီးသီးဆိုင်ရာ ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းစေကာ “Belt and Road” အရည်အသွေးမြင့်စွာ အတူထူထောင်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေး၍ တရုတ်-ဟန်ဂေရီ ဘက်စုံ မဟာဗျူဟာ မိတ်ဖက် ဆက်ဆံရေးကို အဆင့်သစ်သို့ တက်လှမ်းဖို့ ဦးဆောင်ရန် ကြိုးပမ်းအားထုတ်လိုကြောင်း ပြောကြားပါသည်။