တရားဝင်မှတ်တမ်းများအရ ဂါဇာကမ်းမြောင်ရှိ ကလေး ၁၀ ဦးသည် ဆေးရုံတွင် အာဟာရပြတ်လပ်ခြင်းကြောင့် သေဆုံးရကြောင်း ရေးသားထားသည်ဟု ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ဆို

(GMT+08:00)2024-03-02 17:14:04  

ဒေသစံတော်ချိန် ၂၀၂၄ခုနှစ်မတ်လ ၁ရက်နေ့က ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ လင်တယ်မေလ်က တရားဝင်မှတ်တမ်းများအရ ဂါဇာကမ်းမြောင်ရှိ ကလေး ၁၀ ဦးသည် ဆေးရုံတွင် အာဟာရပြတ်လပ်၍ သေဆုံးရကြောင်း ရေးသားထားသည်ဟု ပြောကြားခဲ့ကြောင်း သတင်းအရ သိရပါသည်။

ယင်းပြောရေးဆိုခွင့်ရှိသူ၏ ပြောကြားချက်အရ ဂါဇာကမ်းမြောင်၏  အများသုံး စနစ်ပျက်စီးသွား ရုံသာမက ရေနှင့် လျှစ်စစ်ဓာတ်အားအပါအဝင် အသက်သွေးကြောများ အားလုံး အနည်းနှင့်အများ ပျက်စီးသွားကြောင်း သိရပါသည်။