"လူ့အခွင့်အရေးကို လေးစားထိန်းသိမ်းကာကွယ်ရေးဆိုင်ရာ ရှီကျင့်ဖိန်၏ ထုတ်ဖော် ပြောဆိုချက်များ ကောက်နုတ်ချက်" (ပြင်သစ်နှင့်တရုတ်ဘာသာ) စာအုပ် တစ်ကမ္ဘာလုံး၌ ပထမဆုံးအကြိမ် ထုတ်ဝေဖြန့်ချိရေး အခမ်းအနား ပါရီ၌ ကျင်းပ

(GMT+08:00)2024-03-01 18:21:21  

"လူ့အခွင့်အရေးကို လေးစားထိန်းသိမ်းကာကွယ်ရေးဆိုင်ရာ ရှီကျင့်ဖိန်၏ ထုတ်ဖော်ပြောဆိုချက်များ ကောက်နုတ်ချက်" (ပြင်သစ်နှင့်တရုတ်ဘာသာ) စာအုပ် တစ်ကမ္ဘာလုံး၌ ပထမဆုံးအကြိမ် ထုတ်ဝေဖြန့်ချိရေး အခမ်းအနားနှင့် "နိုင်ငံတကာ လူ့အခွင့်အရေး စီမံခန့်ခွဲရေးဆိုင်ရာ တရုတ်ဉာဏ်ပညာ" နှီးနှောဖလှယ်ပွဲကို ဖေဖော်ဝါရီလ ၂၉ ရက်နေ့က ပြင်သစ်နိုင်ငံ ပါရီမြို့၌ အောင်မြင်စွာ ကျင်းပခဲ့ပါသည်။ ပြင်သစ်နိုင်ငံဆိုင်ရာ တရုတ် သံရုံးမှ ယာယီ တာဝန်ခံ ချင်တုန်၊ ဥရောပရှိ လူသားများ ကံကြမ္မာတူ အသိုက်အဝန်း လေ့လာရေးစင်တာ ဥက္ကဋ္ဌ Jean Christophe Bas စသည့် ပုဂ္ဂိုလ်များသည် အခမ်းအနားသို့ တက်ရောက်ပြီး အမှာစကား ပြောကြားခဲ့ကြပါသည်။ တရုတ်နှင့် ပြင်သစ်နိုင်ငံမှ နိုင်ငံရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှု လုပ်ငန်းနယ်ပယ်များမှ ကိုယ်စားလှယ်များသည် အစည်းအဝေးသို့ တက်ရောက်ခဲ့ကြသည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။