ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့လယ်ရှိ စားသောက်ဆိုင်တစ်ဆိုင် မီးလောင်မှုဖြစ်ပွားရာ ၄၄ ဦးသေဆုံးပြီး ၇၅ ဦး ဒဏ်ရာရရှိခဲ့

(GMT+08:00)2024-03-01 17:01:52  

ဖေဖော်ဝါရီလ ၂၉ရက်နေ့ညက ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့လယ် ဈေးဝယ်စင်တာတစ်ခုရှိ စားသောက် ဆိုင်တစ်ဆိုင်တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ လူ ၄၄ ဦး သေဆုံးပြီး ၇၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံ ရဲတပ်ဖွဲ့က မတ်လ ၁ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ပါသည်။