ကွေ့ကျိုးပြည်နယ်တွင် မြောင်လူမျိုးများသည် နွားတိုက်ပွဲ ကျင်းပပြီး နှစ်သစ်ကူးပွဲတော်ကို နွှဲပျော်

(GMT+08:00)2024-03-01 20:27:12  

ဖေဖော်ဝါရီလ ၂၉ ရက်နေ့က ကွေ့ကျိုးပြည်နယ် ခိုင်လီမြို့ ကျူးရှီးမြို့နယ်တွင် နွားတိုက်ပွဲကို ကျင်းပခဲ့သည်။ ထိုနေ့တွင် ကျူးရှီးမြို့နယ်နှင့် အနီးနားကျေးရွာများမှ တိုက်နွား ၁၆ ကောင် ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ နွားတိုက်ပွဲသည် ဒေသခံပြည်သူများနှင့် ခရီးသည်များကို ဆွဲဆောင်ခဲ့၍ ၎င်းနွားတိုက်ပွဲကို နှစ်ရက်ကြာကျင်းပမည် ဖြစ် ကြောင်း သိရှိရသည်။