တရုတ်နိုင်ငံတွင် Ankylosauridae ဒိုင်နိုဆော မျိုးစိတ်သစ်ကို ရှာဖွေတွေ့ရှိ

(GMT+08:00)2024-03-01 18:10:35  

ဖေဖော်ဝါရီလ ၂၉ ရက်နေ့က ရှမိန် သိပ္ပံနှင့်နည်းပညာပြတိုက်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ကျောက်ဖြစ်ရုပ်ကြွင်းလောက၏ အောင်မြင်မှုရလဒ်တစ်ခုဖြစ်သည့် Ankylosauridae မျိုးစိတ်သစ် Datai yingliangis ၏ ရုပ်ကြွင်းနမူနာကို ပြသခဲ့သည်။ ဤရုပ်ကြွင်းနမူနာကို ကမ္ဘာပေါ်တွင် ပထမဆုံးအကြိမ် တရားဝင် ပြသခြင်းလည်း ဖြစ်ပါသည်။