တရုတ်-အမေရိကန် နိုင်ငံခြားရေးပေါ်လစီ ဆိုင်ရာဆွေးနွေးပွဲ အသစ်တစ်ကြိမ် ကျင်းပ

(GMT+08:00)2024-03-01 18:15:13  

ဖေဖော်ဝါရီလ ၂၇ရက်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီးလက်ထောက် နှင့် ပေါ်လစီရေးဆွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Miao Deyuသည် ရှန်ဟိုင်းမြို့၌ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပေါ်လစီရေးဆွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Salman Ahmedနှင့် တရုတ်-အမေရိကန် နိုင်ငံခြားရေးပေါ်လစီဆိုင်ရာဆွေးနွေးပွဲ အသစ်တစ်ကြိမ်ကို ကျင်းပခဲ့ကြောင်း၊ နှစ်ဦးနှစ်ဖက်တို့သည် မိမိ၏နိုင်ငံခြားရေးပေါ်လစီ၊ နိုင်ငံတကာအခြေအနေ၊ အရေးကြီး ဒေသရေးရာများနှင့်ပတ်သက်၍ ပွင့်လင်း နက်ရှိုင်းပြီး အပြုသဘော ဆောင်သော ဆွေးနွေး မှုကို အဓိကထား ပြုလုပ်ခဲ့ကြကြောင်း China Media Groupမှ သတင်း အရ သိရပါသည်။