ရန်ကုန်မြစ်တွင် သင်္ဘောတစ်စင်း မီးလောင်မှုနှင့် ပေါက်ကွဲမှု ဖြစ်ပွာ၊ သေဆုံးသူမရှိဟု သိရ

(GMT+08:00)2024-03-01 18:16:47  

မတ်လ ၁ ရက်နေ့ နံနက်အစောပိုင်းက ရန်ကုန်မြို့ ဗားကရာ ဆိပ်ကမ်းအနီး ရန်ကုန်မြစ်အတွင်း သင်္ဘောတစ်စင်း မီးလောင်မှု  ဖြစ်ပွားခဲ့‌ကြောင်း မြန်မာ မီးသတ်ဌာနမှ ထုတ်ပြန်ထားသော သတင်းအရ သိရသည်။

အဆိုပါ သင်္ဘောပေါ်တွင် လောင်စာဆီများ တင်ဆောင်ထားပြီး မီးလောင်မှု ဖြစ်ပွားရာတွင် ပေါက်ကွဲမှုလည်း ဖြစ်ပွားခဲ့ကြောင်း ဒေသခံပြည်သူများက ပြောကြားသည်။ လက်ရှိအချိန်တွင် မီးကို ထိန်းနိုင်ခဲ့ကြောင်း သတင်းအရ သိရပါသည်။