၁၃၈ကြိမ်မြောက် တရုတ်၊လာအို၊မြန်မာ၊ထိုင်း မဲခေါင်မြစ် ပူးတွဲကင်းလှည့်ရေးနှင့် ဥပဒေ စိုးမိုးရေး ဆောင်ရွက်မှု အောင်မြင်စွာ ပြီးမြောက်

(GMT+08:00)2024-03-01 18:14:15  

ဖေဖော်ဝါရီလ ၂၉ရက်နေ့ နေ့လယ် ၁၁နာရီက တရုတ်နိုင်ငံ၏ ၅၃၁၀၁ နှင့် ၅၃၁၁၆ ဥပဒေစိုးမိုးရေးသင်္ဘောများသည် ရှစ်ဆောင်ပဏ္ဏား ဂွမ်းလေ ရဲဆိပ်ကမ်းသို့ ပြန်လည် ဆိုက်ရောက်ခဲ့လာသည်နှင့်အမျှ တရုတ်၊လာအို၊မြန်မာ၊ထိုင်း ၄နိုင်ငံ သက်ဆိုင်ရာ ဥပဒေ စိုးမိုးရေး ဌာနများမှ ပါဝင်ခဲ့ကြသော ဥပဒေစိုးမိုးရေးသင်္ဘော ၅စင်း နှင့် ဥပဒေစိုးမိုးရေး အဖွဲ့ဝင် ၁၀၀ကျော်တို့သည် တာဝန်ပြီးမြောက်ပြီး မိမိ၏ နိုင်ငံသို့ ချောမောစွာ ပြန်ရောက် ခဲ့ကြကြောင်း၊ ၁၃၈ကြိမ်မြောက် တရုတ်၊လာအို၊မြန်မာ၊ထိုင်း မဲခေါင်မြစ် ပူးတွဲ ကင်းလှည့်ရေးနှင့် ဥပဒေစိုးမိုးရေးဆောင်ရွက်မှု အောင်မြင်စွာပြီးမြောက်ပြီ ဖြစ်ကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။

ယခုအကြိမ်ဆောင်ရွက်မှုကို ဖေဖော်ဝါရီလ ၂၆ရက်နေ့က စတင်ခဲ့ပြီး လေးရက် သုံးည ကြာမြင့် ကာ ရေကြောင်း စုစုပေါင်း ကီလိုမီတာ ၆၀၀ကျော် မောင်းနှင်ခဲ့၍ မြစ်ဝှမ်းတစ်လျှောက်တွင် ဥပဒေ ကျူးလွန်မှုများကို ထိရောက်စွာ ဟန့်တားနိုင်ခဲ့ကြောင်း သိရှိရ သည်။