ဧရာမ Amorphophallus titanium ပန်းများသည် ကြည့်ရှုသူများကို ဆွဲဆောင်နေ

(GMT+08:00)2024-03-01 18:11:21  

ဖေဖော်ဝါရီလ ၂၉ ရက်နေ့က အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုမြို့တွင် ပြည်သူများသည် ကယ်လီဖိုးနီးယား သိပ္ပံပြတိုက်၌ ဖူးပွင့်နေသော ဧရာမ Amorphophallus titanium ပန်းများကို လာရောက်ကြည့်ရှုခဲ့ကြသည်။ ဧရာမ Amorphophallus titanium သည် အင်ဒိုနီးရှားနိုင်ငံ Sumatra ကျွန်းအနောက်ပိုင်းရှိ အပူပိုင်းမိုးသစ်တောများတွင် အဓိက ပေါက်ရောက်တာဖြစ်ပြီး အလွန်ရှားပါးသည်။ ပန်းပွင့်သောအခါတွင် ဝတ်မှုန်ကူးရန်နှင့် ပိုးမွှားများကို ဆွဲဆောင်ရန် အနံ့ဆိုးနှင့်အပူကို ထုတ်လွှတ်ပါသည်။ ဧရာမ Amorphophallus titanium သည် ၇ နှစ်မှ ၁၀ နှစ်တွင် တစ်ကြိမ်ပန်းပွင့်ပြီး ပန်းပွင့် ကြာချိန်သည်  ၂၄ နာရီ မှ ၃၆ နာရီသာကြာမြင့်သည်။