တရုတ်နိုင်ငံ၏ စွမ်းအင်သစ်လုပ်ငန်း အရည်အသွေးမြင့်မားစွာ ဖွံ့ဖြိုးတိုးတက်ရေးကို အင်တိုက်အားတိုက် တွန်းအားပေးပြီး သန့်ရှင်း သာယာသော ကမ္ဘာ လက်တွဲ တည်ဆောက် ရေးအတွက် ပိုမို ကြီးမားစွာ အကျိုးပြုရမည်ဟု ရှီကျင့်ဖိန် ဆို

(GMT+08:00)2024-03-01 17:05:42  

ဖေဖော်ဝါရီလ ၂၉ ရက်နေ့ညနေပိုင်းတွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့သည် စွမ်းအင်သစ်နည်းပညာနှင့် စွမ်းအင် လုံခြုံရေးဆိုင်ရာ ၁၂ ကြိမ်မြောက် စုပေါင်းလေ့လာသင်ယူဆွေးနွေးပွဲကို ကျင်းပခဲ့ပါသည်။ ပါတီဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်သည် ယခုအကြိမ် အစည်းအဝေးကို ကြီးမှူး ကျင်းပခဲ့ ပါသည်။

   ရှီကျင့်ဖိန်က စွမ်းအင်လုံခြုံရေးသည် စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု အခြေအနေ တစ်ခုလုံးနှင့် ဆက်စပ်ပါကြောင်း၊ သန့်စင်သော စွမ်းအင်များ အသုံးပြုမှုကို တက်ကြွစွာ တိုးမြှင့်ပြီး စီးပွားရေးနှင့် လူမှုရေး အစိမ်းရောင်ဖြစ်ပြီး ကာဗွန် ထုတ်လွှတ်မှု နည်းပါးအောင် အသွင်ကူးပြောင်းရေးကို တွန်းအားပေးခြင်းသည် နိုင်ငံတကာ မိသားစု ကြီး က ကျယ်ကျယ်ပြန့်ပြန့်ရရှိထားသော ကမ္ဘာ့ ရာသီဥတု ပြောင်းလဲမှု  ရင်ဆိုင်ဖြေရှင်းရေးဆိုင်ရာ တူညီမှုဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၏ စွမ်းအင်သစ်လုပ်ငန်း အရည်အသွေး မြင့်မားစွာ ဖွံ့ဖြိုးတိုးတက်ရေးကို အင်တိုက်အားတိုက် တွန်းအားပေးရမည် ဖြစ်ပြီး တရုတ် အသွင်ပုံစံ ခေတ်မီရေး တည်ဆောက်မှုအတွက် လုံခြုံအားကိုးရသော စွမ်းအင် အာမခံချက် ပေး၍ သန့်ရှင်း သာယာသော ကမ္ဘာ လက်တွဲတည်ဆောက် ရေးအတွက် ပိုမို ကြီးမားစွာ အကျိုးပြု စွမ်းဆောင်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။