တရုတ်ပြည်သူ့နိုင်ငံရေး အတိုင်ပင် ခံ ကွန်ဖရင့် အစည်းအဝေး၏ အစီအစဉ်ကို ထုတ်ပြန်

(GMT+08:00)2024-03-01 17:06:31  

မတ်လ ၁ ရက်နေ့က စတင် ကျင်းပခဲ့သည့် ၁၄ ကြိမ်မြောက် တရုတ်ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့် ပြည်လုံးဆိုင်ရာ ကော်မတီ အမြဲတမ်းကော်မတီ ပဉ္စမ အကြိမ် အစည်း အဝေးတွင် ၁၄ ကြိမ်မြောက် ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာ ကော်မတီ ဒုတိယအကြိမ် အစည်းအဝေးကို မတ်လ ၄ ရက်နေ့တွင် ဘေကျင်း၌ ကျင်းပရန် ဆုံးဖြတ် ခဲ့ပါသည်။

   အစည်းအဝေး၏ အစီအစဉ်သည် ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာ ကော်မတီ လုပ်ငန်းအစီရင်ခံစာနှင့် ၁၄ ကြိမ်မြောက် ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာကော်မတီ ပထမအကြိမ် အစည်းအဝေးနောက်ပိုင်း အကြံပြုချက်များ တင် သွင်းရေးလုပ်ငန်း အခြေအနေဆိုင်ရာ အစီရင်ခံစာကို ကြားနာ စိစစ်ခြင်း၊ လေ့လာ သူ အဖြစ် ၁၄ ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ဒုတိယအကြိမ် အစည်းအဝေးသို့ တက်ရောက်ခြင်းနှင့် အစိုးရလုပ်ငန်းအစီရင်ခံစာနှင့် အခြား သက်ဆိုင်ရာ အစီရင်ခံစာများကို ကြားနာ ဆွေးနွေးခြင်းတို့ ဖြစ်ပါသည်။