ရုရှားပြည်တွင်းရေးကို အနောက်နိုင်ငံများက ဝင်ရောက်စွက်ဖက်ရန် ကြံစည်ခြင်းကို ပူတင်က ပြစ်တင်ရှုတ်ချ

(GMT+08:00)2024-03-01 18:09:06  

ဒေသစံတော်ချိန် ဖေဖော်ဝါရီလ ၂၉ ရက်နေ့က ရုရှားသမ္မတ ပူတင်သည် မော်စကိုမြို့၌ ရုရှားဖက်ဒရေးရှင်းပါလီမန်တွင် နိုင်ငံတော်အခြေအနေ အစီရင်ခံစာကို တင်ပြ ခဲ့သည်။ ယင်းအစီရင်ခံစာတွင် ရုရှား၏ အထူးစစ်ရေးဆောင်ရွက်ချက်များ၊ နေတိုး၏ ခြိမ်းခြောက်မှုများကို တုံ့ပြန်ခြင်းနှင့် ရုရှားပြည်တွင်း စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုး တိုးတက် မှုများ ပါဝင်ပါသည်။ ပူတင်က မိန့်ခွန်းပြောကြားရာတွင် အနောက်နိုင်ငံများက ရုရှားပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်ရန်  ကြံစည်မှုကို ပြစ်တင် ဝေဖန်ခဲ့ပြီး ရုရှား နိုင်ငံသည် မိမိ၏ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကို လွတ်လပ်စွာ ရွေးချယ် မည်ဟု အလေးထား ပြောကြားခဲ့သည်။