မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ရှိ စျေးတစ်ခုတွင် ပေါက်ကွဲမှုဖြစ်ပွား၊ ဒေသခံပြည်သူအချို့ ထိခိုက် သေဆုံး

(GMT+08:00)2024-03-01 18:12:42  

ဒေသစံတော်ချိန် ဖေဖော်ဝါရီလ ၂၉ ရက်နေ့ နံနက်ပိုင်းက မြန်မာနိုင်ငံ ရခိုင်ပြည်နယ် စစ်တွေ မြို့ရှိ စျေးတစ်ခု ပစ်ခတ်ခံရပြီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ဒေသခံပြည်သူ ၁၀ ဦး သေဆုံးပြီး ၃၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာမီဒီယာများ၏ သတင်းဖော်ပြချက် အရ သိရှိရသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ စျေးတစ်ခုကို အစိုးရအားဆန့်ကျင်သည့်လက်နက်ကိုင်အဖွဲ့ တိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူအချို့ သေဆုံးကာ ထိခိုက်ဒဏ်ရာများလည်း ရရှိခဲ့ကြ ကြောင်း၊ လက်ရှိတွင် ထိခိုက်ဒဏ်ရာရရှိသူများအား ဒေသခံဆေးရုံသို့ ပို့ဆောင်၍ ဆေး ကုသမှု ခံယူစေခဲ့ကြောင်း မြန်မာနိုင်ငံ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ထိုနေ့ညတွင် သတင်းထုတ်ပြန်ခဲ့သည်။ ဒေသတွင်းအေးချမ်းမှုကို ဖျက်ဆီးသည့်၊ ပြည်သူများ၏ အသက် အိုးအိမ်စည်းစိမ်ကိုထိခိုက်စေသည့် အစိုးရအားဆန့်ကျင်သည့်လက်နက်ကိုင်အဖွဲ့၏ အကြမ်း  ဖက် လုပ်ရပ်များကို သက်ဆိုင်ရာမှ ရှုတ်ချခဲ့သည်။

မြန်မာ့တပ်မတော်နှင့် အစိုးရအားဆန့်ကျင်သည့်လက်နက်ကိုင်အဖွဲ့သည် ယခုရက်ပိုင်းတွင် စစ်တွေမြို့အနီး၌ အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်းလည်း သိရှိရသည်။