ဂါဇာဒေသမြောက်ပိုင်းရှိ နောက်ဆုံးဆေးရုံသည် လုပ်ငန်းလည်ပတ်မှု ရပ်ဆိုင်း

(GMT+08:00)2024-03-01 17:00:56  

ပါလက်စတိုင်း ရုပ်မြင်သံကြားမှ ဖော်ပြချက်အရ ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှ ၂၉ ရက်နေ့အထိ အစ္စရေးစစ်တပ်သည် ဂါဇာဒေသ နေရာအများအပြားတွင် တိုက်ခိုက်မှုများကို ဆက်လက် လုပ်ဆောင် ခဲ့ကြောင်း သိရပါသည်။

ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ဂါဇာဒေသ ကျန်းမာရေးဌာနမှ ပြောကြားချက်အရ  ဂါဇာဒေသ မြောက်ပိုင်းရှိ နောက်ဆုံးဆေးရုံဖြစ်သော Kamal Adwan ဆေးရုံသည် လုပ်ငန်းလည်ပတ်မှု ရပ်ဆိုင်း ထား ကြောင်း သိရှိရ သည်။