တရုတ်ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့်(CPPCC) ၁၄ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ကော်မတီ ဒုတိယအကြိမ် အစည်းအဝေး သတင်းစာရှင်းလင်းပွဲကို မတ်လ ၃ရက်နေ့တွင် ကျင်းပမည်

(GMT+08:00)2024-03-01 18:19:29  

တရုတ်ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့်(CPPCC) ၁၄ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ကော်မတီ ဒုတိယအကြိမ် အစည်းအဝေးသတင်းစာ ရှင်းလင်းပွဲကို မတ်လ ၃ရက်နေ့ ညနေ ၃နာရီတွင် တရုတ် ပြည်သူ့ ခန်းမဆောင်ကြီး၏ ပထမအထပ်ရှိ သတင်းစာရှင်းလင်းပွဲခန်းမတွင် ကျင်းပမည်ဖြစ်ပါသည်။ အစည်းအဝေး၏ ပြောရေးဆိုခွင့်ရှိသူ လျူကျေယီးသည် အစည်းအဝေးသက်ဆိုင်ရာအခြေအနေများကို ပြည်တွင်း ပြည်ပမီဒီယာများအား မိတ်ဆက်ရှင်းလင်းပြောကြားပြီး သတင်းထောက်များ၏ မေးမြန်းချက်များကို ဖြေကြားမည်ဖြစ်ပါသည်။